ပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

  • 5 years ago

ပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
**********************
ပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံရှိ စက်ရုံအလုပ်သမားများသည် စက်တင်ဘာ ၂ ရက်နေ့တွင် တောင်းဆိုချက် ၄၅ချက်ဖြင့် စက်ရုံရှေ့တွင်ဆန္ဒပြခဲ့ကြသည်။
စက်ရုံဘက်မှ အချိန်ပိုအလွန်အကျွံများ ခေါ်ယူထားပြီးနောက် အချိန်ပိုနာရီများအား အတတ်ပညာရှင်ကြေး ဆိုသည့် ခေါင်းစဉ်ဖြင့်သွယ်ဝိုက်ကာ အချိန်ပိုလုပ်အားခများ ရှင်းမပေးခြင်း ၊ OT ကြေး အတိအကျပေးရန် ၊ အိမ်သာတံခါးများ ၊အိမ်သာရေပိုက်များ ပျက်စီးနေမှုကို အမြန်ဆုံးပြင်ဆင်ပေးရန် ၊ အမျိုးသမီး အလုပ်သမား များကို လေးလံသည့် အထည်ပုံးများ တွန်းလှည်းများဖြင့် သယ်ဆောင်ခိုင်းခြင်းများ မပြုလုပ်ရန် စသည့် တောင်းဆိုချက် ၄၅ ချက်ကို စက်ရုံရှေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended