"ကျောင်းနေပျော်၍ ဘက်စုံတော်ရမည်" ပြိုင်ပွဲကြီး ကျင်းပမည်

  • 5 years ago
"ကျောင်းနေပျော်၍ ဘက်စုံတော်ရမည်" ပြိုင်ပွဲကြီး ကျင်းပမည်
**********************************
အလယ်တန်းအဆင့် ကလေးငယ်များ၏ အရည်အသွေးများကို အပြိုင်အဆိုင်ပြသကြမည့် "ကျောင်းနေပျော်၍ ဘက်စုံတော်ရမည်" ပြိုင်ပွဲကြီးပြုလုပ်ကျင်းပမည့် အစီအစဉ်များအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်(၇)ရက်၊နေ့လယ်က မန္တလေးမြို့၊ဘူတာကြီးအပေါ်ထပ်ရှိ ဟိုတယ်မာဘယ်(လ်)တွင်ပြုလုပ်စဉ်။ရိုက်ကူး ဘိုဘို မဇ္ဈိမ

အဆိုပါပြိုင်ပွဲကြီးကို ကျောင်းသားကျောင်းသူများ၏ လူမှုဆက်ဆံရေးစွမ်းရည်၊ အများသူငါအရှေ့တွင် စကား ပြောရဲသည့်စကားပြောစွမ်းရည်နှင့်တိမ်မြုပ်နေသောကလေးငယ်များ၏ အရည်အသွေးများအား ဖော်ထုတ် ပြသခွင့်ရစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့်အနေဖြင့် ပထမဆုံးအကြိမ် မန္တလေးမှစတင်ကာ ပြုလုပ်ပေးခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း အလယ်တန်းအဆင့်ကို အဓိကထားကာ မန္တလေးမြို့ရှိ မြိုနယ်ပေါင်း (၇)မြို့နယ်မှ အစိုးရကျောင်း(၅၀)နှင့်ကိုယ်ပိုင်ကျောင်း(၅၀) အပါအဝင် စုစုပေါင်းကျောင်းပေါင်း (၁၀၀)မှ ကလေးငယ်များ၏ ကျောင်းသင်ခန်းစာများထဲမှ အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတစွမ်းရည်များကို အများသူငါရှေ့တွင် နှုတ်ရေးဖြင့် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲဖြစ်သည်။

ထို့အပြင် အင်္ဂလိပ်စာယှဉ်ပြိုင်ရာတွင် အတန်းအလိုက် သင်ရိုးညွှန်းတမ်းစာအုပ်များထဲမှ သတ်မှတ်ထားသော Unit(ယူနစ်)များကိုအခြေခံကာယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊အထွေထွေဗဟုသုတအတွက် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း နှင့် သိပ္ပံဘာသာ ရပ်များကိုအခြေခံ၍ ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပထမဆုငွေကျပ် ၅သိန်း၊ ဒုတိယ ဆုငွေ ကျပ်၃ သိန်း၊ တတိယဆုငွေကျပ်၁သိန်း၊နှစ်သိမ့်ဆုငွေကျပ် ၅သောင်း နှင့်တကွ အခြားဆုများကိုလည်း ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊သြဂုတ် ၁၀ ရက်မှ ၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၄ ရက်အထိ အဆင့်ဆင့် ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

Recommended