ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်း ဖိုရမ် ကျင်းပမည်

  • 7 years ago
ပထမဆုံးအကြိမ်ကျင်းပမည့် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွင် ငြိမ်းချမ်းရေးအပါအဝင် နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဆွေးနွေးကြမည်ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဝင်များမှ ပြောကြားခဲ့သည်။ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အရပ်ဘက်အဖွဲ့အစည်းများဘက်မှ အကြိုဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

Recommended