ပြင်သစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦး ဖမ်းဆီးထိန်းသိမ်းခံရ

  • 5 years ago
ပြင်သစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦး ဖမ်းဆီးထိန်းသိမ်းခံရ
************************
၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားက နိုင်ဂျီးရီးယားအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးနောက် အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦးမှာ ပြင်သစ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားက နိုင်ဂျီးရီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီးနောက် အယ်လ်ဂျီးရီးယားအသင်း ပရိသတ်တွေဟာ အောင်ပွဲခံအော်ဟစ်ခဲ့တာပါ။ ဖမ်းဆီးမှုကိုတော့ တနင်္ဂနွေညနေပိုင်းမှာ နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58840
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended