စစ်တွေတွင် ကျင်းပသည့် မျိုးစောင့်ဥပဒေ ကြိုဆိုပွဲ ဦးဝီရသူ တက်ရောက်

  • 7 years ago
မျိုးစောင့်ဥပဒေကို အခုနှစ် ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က နေ အတည်ပြုပြဌာန်းလိုက်ပါတယ်။


ဒီမျိုးစောင့်ဥပဒေတွေ ပြဌာန်းလိုက်တဲ့အပေါ်မှာ စစ်တွေမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဗဟိုဦးဆောင်ဆရာတော် ဦးဝီရသူအပါအ၀င် သံဃာတော် အပါး ၃၀၀ ခန့်နဲ့ လူပုဂ္ဂိုလ်တချို့က ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


မျိုးစောင့်ဥပဒေတွေမှာ ၁) ကိုးကွယ်ရာ ဘာသာကူးပြေင်းခြင်းဆိုင်ရာ ဥပဒေ၊ ၂) မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ၃) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ ၄) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ တွေဖြစ်ပါတယ်။
(ရိုက်ကူး/တည်းဖြတ် - မဇ္ဈိမ/DMG)

Recommended