ဧရာဝတီတိုင်းတွင် ၆လအတွင်း သက်ငယ်မုဒိမ်းမှု ၄၈ မှု ဖြစ်ပွားခဲ့

  • 5 years ago
ဧရာဝတီတိုင်းတွင် ၆လအတွင်း သက်ငယ်မုဒိမ်းမှု ၄၈ မှု ဖြစ်ပွားခဲ့
**********************
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆လတာ ကာလအတွင်း သက်ငယ်မုဒိမ်းမှု ၄၈ မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

“မုဒိမ်းမှုဖြစ်ရင် သက်ကြီးဖြစ်ဖြစ် သက်ငယ်ဖြစ်ဖြစ် ဖြစ်ပြီဆိုရင် ဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးတဲ့ ရဲတပ်ဖွဲ့  လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ပြီးတော့ ဖြစ်စဉ်မှန်တယ်ဆိုရင် တရားစွဲတင်ပြီး ထိရောက်တဲ့ ပြစ်ဒဏ် ရရှိရေးအတွက် သက်ဆိုင်ရာ တရားရုံးကိုတရားစွဲတင်တယ်”ဟု ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ်က တစ်နှစ်အတွင်း မုဒိမ်းမှု ၂၃၁မှုဖြစ်ပွားပြီး၊သက်ကြီးမုဒိမ်းမှု ၁၀၁မှု နှင့် သက်ငယ်မုဒိမ်းမှု ၁၃၀မှု ဖြစ်ပွားခဲ့သည်။ ယခုနှစ် ၂၀၁၉ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအထိ မုဒိမ်းမှု ၇၅မှု ဖြစ်ပွားပြီး၊ သက်ကြီး မုဒိမ်းမှု ၂၇မှု နှင့် သက်ငယ်မုဒိမ်းမှု ၄၈မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

Recommended