ရခိုင် အမျိုးသား ၅၀ကျော် အကြမ်းဖက် ဥပဒေဖြင့် အမှုရင်ဆိုင်နေရ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၁၉

ရခိုင်ပြည်နယ် ၊မြို့နယ်အသီးသီးက သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသား ၅၀ကျော်ထဲက အချို့ကို ဇူလိုင်လ ၄ ရက်နေ့က စစ်တွေ ခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး တချို့ကို ချုပ်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုးသား ၅၀ ကျော်မှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ၂၃ဦး ၊ အောက်သားကန်ကျေးရွာက ၅ဦး ၊ ကျောင်းတောင်ကျေးရွာက ၁၂ဦး၊ ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာက ၅ဦး ၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဆရာတော် ၂ပါး နဲ့ ရွာသား ၃ဦး ၊ မင်းပြားမြို့နယ်အတွင်းက ၃ဦးနဲ့ တခြား ဒေသခံတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်

Recommended