မိုဘိုင်းဖုန်းမှတဆင့် ရာသီဥတုအခြေအနေများကိုကြည့်နိုင်မည့် အပလီကေးရှင်း

  • 5 years ago
မိုဘိုင်းဖုန်းမှတဆင့် ရာသီဥတုအခြေအနေများကိုကြည့်နိုင်မည့် အပလီကေးရှင်း
************************************
မြန်မာနိုင်ငံရှိတောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသူများအတွက် မိုဘိုင်းဖုန်းမှတဆင့် ရာသီဥတုအခြေအနေများကို အချိန်နှင့်အမျှ ကြည့်ရှုသိရှိနိုင်မည့် DMH Sesame အမည်ရှိ အပလီကေးရှင်း ဆော့ဝဲ(လ်) အကြောင်းကို တောင်သူဦးကြီးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲမှ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးကို မဇ္ဈိမမှ မေးမြန်း တင်ဆက်ထားပါတယ်။

အဆိုပါဆော့ဝဲ(လ်)ကို မိုဘိုင်းဖုန်းမှ အချိန်မရွေး ကြည့်ရှုနိုင်ပြီး ၅ ရက်စာ နှစ်ကြိမ် မိုးလေဝသခန့်မှန်းချက် များကို သိရှိနိုင်မည်ဖြစ်ပြီး မိုးရွာနိုင်ချေများကို ရာခိုင်းနှုန်းများဖြင့်ဖော်ပြပေးထားကာ အပူချိန် တိုင်းတာ ထားမှုများကိုလည်းဖော်ပြပေးထားသောကြောင့် မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုသလို အသုံးချနိုင်ပြီဖြစ်သည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


Recommended