7 Minutes_ ပြည်တွင်းလက်လီဈေးကွက်ကို ဦးဆောင်နေသူ City Mart ဒေါ်ဝင်းဝင်းတင့်နှင့် တွေ့ဆုံခြင်း

  • 7 years ago
ဒေါ်ဝင်းဝင်းတင့်သည် ၁၉၉၆ ခုနှစ်တွင် City Mart လက်လီဆိုင်ကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ၊ အောင်းဆန်း အားကစားကွင်းတွင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် ဒေါ်ဝင်းဝင်းတင့်အနေနှင့် City Mart လက်လီဆိုင်ခွဲပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ထားပြီး သူမ၏ ဈေးအရောင်းဆိုင်များအနေနှင့် City Mart Supermarkets, Ocean Hypermarkets, Season Cafe’ & bakeries, City Care Health & beauty Store နှင့် City Express convenience stores တို့ကို ဖွင့်လှစ်လုပ်ကိုင် ထားသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံလက်လီဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
၂၀၁၆ ခုနှစ်၊နှစ်ဆန်းပိုင်းတွင် တိုင်းပြည်၏ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာ ရြှု့မင်သုံးသပ်မှုများအပေါ်မှာ ဒေါ်ဝင်းဝင်းတင့်အတွက် သူမ၏ စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန် ဆုလာဒ်ကြီး တစ်ခုရလိုက်သည်။ ယခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပို ရေးရှင်း-IFC က City Mart Holdings Limited ကို ယင်း၏လုပ်ငန်းတိုးချဲ့ခြင်းစီမံကိန်းများကို အထောက်အကူပြု စေရန် အမေရိကန်ဒေါ်လာ ၂၅ သန်းပံ့ပိုးပေးလိုက်သည်။

Recommended