“၂၀၂၀ မှာ ငြိမ်းချမ်းရေး ပြည်သူ့လက်ထဲကို အပ်မယ်ဆိုတဲ့ အနေအထားက ဖြစ်လာမယ်လို့ မထင်ပါဘူး” (ရုပ်/သံ)

  • 5 years ago
တပ်မတော်အနေဖြင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားပြီး ပြည်သူသို့ အပ်နှင်းမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး ညီလာခံ ၃ ကြိမ်လုပ်ပြီး ဖက်ဒရယ်အခြေခံ အုတ်မြစ်ချနိုင်ရန် မျှော်မှန်းကြောင်း ပြောဆိုထားသည်။
ထို့ကြောင့် တနှစ်ခွဲသာ ကျန်တော့သည့် အချိန်တွင် နိုင်ငံ့ ခေါင်းဆောင်များ မျှော်မှန်းထားသော ၂၀၂၀ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် ဆွေးနွေးထားသည်။

Recommended