ဝပ်ဖရာ့သက် ဒွိုင်ခမ်း သို့မဟုတ် စံပယ်ပန်း ဘုရား (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ မတ်လ ၅၊ ၂၀၁၉

ချင်းမိုင်မြို့ ဒွိုင်ပွေတောင်ကြောပေါ်ရှိ ၀ပ်ဒွိုင်ခမ်း ဘုရားကို မြန်မာနိုင်ငံသား အများစုက စံပယ်ပန်း ဘုရားဟု ခေါ်သည်၊ စံပယ်ပန်းများ ကပ်လှူ၍ လိုရာဆု တောင်းသည့်အခါ ဆုတောင်းပြည့်သည်ဟုလည်း နာမည်ကြီးသည်၊ စံပယ်ပန်းများ သာမက ကြက်ဥများကိုလည်း သက်စေ့လှူဒါန်း၍ ဆုတောင်း၏။

တောင်တော်ပေါ်တွင် စေတီတဆူ အပြင် မြတ်စွာဘုရား၏ ရုပ်ပွားတော်ကြီးများကို လျောင်းတော်မူ၊ မတ်ရပ်၊ ထိုင်လျှက် ထုဆစ်ကာ တည်ထားသည့်အပြင် ကျန် တန်ဆောင်းများ အတွင်း ခေတ်အဆက်ဆက်က တည်ထား ကိုးကွယ်သည့် ရုပ်ပွားတော် အဆူငယ်များလည်း ရှိသည်။

ရင်ပြင်တော်ပေါ်မှ အောက်သို့ စီး၍ ကြည့်လိုက်ပါက ချင်းမိုင်မြို့၏ အလှကို မြင်နိုင်သည်။ ထိုအပြင် စံပယ်ပန်းဘုရား သို့ လာရောက်ရင်း တောင်ခြေရှိ ဘုရင့် ပန်းခြံသို့လည်း ၀င်ရောက် ကြည့်ရှု့နိုင်သည်။

ရိုက်ကူး - အောင်အောင်ထွန်း

တည်းဖြတ် - ငြိမ်းဇော်