ဓမ္မသီချင်းများ (ဘုရားကို စိတ်ရင်းအတိုင်း ချစ်တဲ့ သူတွေအားလုံးက ရိုးသားတဲ့လူတွေသာ ဖြစ်တယ်)

  • 5 years ago
အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လို ဖြူစင်ပြီး ရိုးသားပါ။

ထက်မြက်ပြီး၊ ငယ်ရွယ်နုပျိုသော ပေါ့ပါးဖျတ်လတ်ခြင်း စွမ်းအား အပြည့်၊

သူတို့က လောကကိုရောက်လာတဲ့ ကောင်းကင်တမန်တွေလိုပဲ

ဘာလှည့်စားမှုမှ မရှိ၊ ပွင့်လင်းသော နှလုံးသားတွေသာရှိပြီး၊

သူတို့က ဂုဏ်သိက္ခာရှိတယ်။

သူတို့က သူတို့နှလုံးသားတွေကို ဘုရားသခင်ကို ပေးပြီး၊

ကိုယ်တော်ရဲ့ ယုံကြည်မှုကို ရရှိကြတယ်။

သူတို့က ဘုရားသခင်ချစ်တဲ့ ရိုးသားတဲ့သူတွေပဲ

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်မတို့ကို နေ့တိုင်း လမ်းပြစေတာက

ကျွန်မတို့က ကောင်းကြီးမင်္ဂလာခံစား ရပြီး၊

သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မတို့ကို ဉီးဆောင်တယ်။

ကျွန်မတို့က ဘုရားသခင်ရဲ့စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတာကို လက်ခံပြီး၊

ကိုယ်တော့်ရှေ့မှာ အသက်ရှင်နေထိုင် ရတယ်။

ဘုရားသခင်ကို အမှန် တကယ်ချစ်ဖို့ဆိုတာ ဝမ်းမြောက်ဖိုပါ

ခရစ်တော်၏ နိုင်ငံတော်က ရိုးသားသူများအတွက် ကောင်းကင်ဘုံဖြစ်တယ်။

ပြီးတော့ အဲဒါ သူတို့ရဲ့ လှပတဲ့ အိမ်လေ။

သမ္မာတရားကို ချစ်တဲ့သူတွေအားလုံးမှာ ရိုးသားတဲ့ နှလုံးသားတွေ ရှိတယ်။

ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရတာ ဝမ်းမြောက်တယ်။

ဘုရားသခင်ကို နာခံရင်းနဲ့ ကျွန်မတို့ နှလုံးသားတွေက ငြိမ်သက်ခြင်းရှိတယ်။

ကျွန်မတို့က ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး၊ မကောင်းမှုကို ရှောင်တယ်၊

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်နေထိုင်ကြတယ်။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အသက်ရှင်နေထိုင်တာက

ကျွန်မတို့ကို လွတ်မြောက်စေတယ်။

ဘုရားသခင်ကို ချစ်တာက အပြည့်အဝ ပျော်ရွှင်တာပါပဲ။

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်မတို့ကို နေ့တိုင်း လမ်းပြစေတာ

ကျွန်မတို့က ကောင်းကြီးမင်္ဂလာခံစား ရပြီး၊

သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မတို့ကို ဉီးဆောင်တယ်။

ကျွန်မတို့က ဘုရားသခင်ရဲ့စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတာကို လက်ခံပြီး၊

ကိုယ်တော့်ရှေ့မှာ အသက်ရှင်နေထိုင် ရတယ်။

ဘုရားသခင်ကို အမှန် တကယ်ချစ်ဖို့ဆိုတာ ဝမ်းမြောက်ဖို့ပါ

ခရစ်တော်၏ နိုင်ငံတော်က ရိုးသားသူများအတွက် ကောင်းကင်ဘုံဖြစ်တယ်။

ပြီးတော့ ဒါက သူတို့ရဲ့ လှပတဲ့ အိမ်လေ။

ဘုရားသခင်ကို ချစ်တာက ငြိမ်းအေးမှုနဲ့

ပျော်မွေ့မှုတို့ကို ဆောင်ကျဉ်း ပေးတယ်။

ကျွန်မတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ

အတိုင်း ပြုမူကျင့်ကြံတဲ့အခါ အလွယ်တကူ အသက်ရှင်နေထိုင်ရတယ်။

ဘုရားသခင်နဲ့ သမ္မာတရားတို့သာလျှင် ကျွန်မတို့နှလုံးသားထဲမှာ ရှိတယ်။


ဆက်လက်ကြည့်ရှုရန်

https://my.kingdomsalvation.org/videos/God-s-words-are-unchanging-truth-hymn.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

တံဆိပ်များ #ခရစ်ယာန်ဘာသာ, #ယုံကြည်ခြင်း, #ကျေးဇူးတော်, #ခရစ်ယာန်ဘာသာ, #အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်