မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ အမရဋ္ဌာနီ အရှေ့ရပ်ကွက်တွင် မတ်လ ၁၈ ရက် မွန်းလွဲ ၂ နာရီက အသက် ၇ နှစ်အရွယ် ကလေးတဦးကို အသက် ၄၈ နှစ်အရွယ် ကျော်စိုးဆိုသူ အမျိုးသား

  • 6 years ago
မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ အမရဋ္ဌာနီ အရှေ့ရပ်ကွက်တွင် မတ်လ ၁၈ ရက် မွန်းလွဲ ၂ နာရီက အသက် ၇ နှစ်အရွယ် ကလေးတဦးကို အသက် ၄၈ နှစ်အရွယ် ကျော်စိုးဆိုသူ အမျိုးသားတဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၄င်းအား အမှတ်​​ ၄ ရဲစခန်း​တွင် (ပ)၄၉/၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုအမှုသည် သက်ငယ်မုဒိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများအပြီး ထွက်ပေါ်လာသောကြောင့် ကြားသိရသူအများက ဒေါသထွက်ကြရသည်။ ယခုကဲ့သို့ ည ၈ နာရီခွဲခန့်အချိန်မှ စတင်၍ အမှတ် ၄ နယ်မြေ ရဲစခန်းသို့ လူအုပ်က ဝိုင်း၍ ကျုးလွန်သူ တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီး ဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေနတ်​​ဖောက်​ကာ လူစုခွဲ​ရမှုအား တိုက်​ရိုက် ​ထုတ်​လွှင့်ထားသည်။

Recommended