ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် ၊ ရသေ့တောင် ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ ပြည်နယ် အစိုးရအဖွဲ့က တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် တင်သွင်းတဲ့ အဲ့ဒီအဆိုကို ကန့်ကွက်သူ မရှိတဲ့အတွက် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်
တည်းဖြတ် - ဝေယံမိုးမြင့်

Recommended