အမွေဆိုင်အမှု လမ်းဆုံးသွားပြီဟု ဦးအောင်ဆန်းဦး ပြော (ရုပ်/သံ)

  • 5 years ago
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမွေခွဲရာမှာ မျှမျှတတ ရရှိခဲ့ခြင်း မရှိဘဲ လက်ရှိမှာ လမ်းဆုံးသွားပြီလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးက ပြောပါတယ်။

နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို နေအိမ်နဲ့ ခြံဝင်းကိစ္စ အထူးအယူခံ တင်ပြခွင့်ပြုဖို့ လာရောက်စဉ်မှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်