သဲစုပ်သင်္ဘောကြီးတွေကြောင့် ရေလုပ်သားတွေ ငါးရှာမရဖြစ်နေ (ရုပ်/သံ)

  • 6 years ago
ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၁၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာနဲ့ ဟင်္သာကျွန်းအကြားက သံလွင်မြစ်ကြောင်းထဲမှာ သောင်တူးသင်္ဘောကြီးတွေ နေ့ရော၊ ညပါ ကျောက်ချရပ်နားပြီး သဲတွေတူးယူနေတာကြောင့် ငါးရှားပါးလာတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြောင်း ကတုံးပေါ်ရေလုပ်သားတွေက နိုဝင်ဘာ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်မှာ ကတုံးပေါ်ကျေးရွာအုပ်စုအတွင်းက သံလွင်မြစ်ရေပြင်ဧရိယာ တစ်လျှောက် သဲသောင်တူးလုပ်ငန်း လုပ်ကိုင်ရန်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဥာဏ်စိုးဝင်း

Recommended