ပည်ပကို ကျွဲ နွား တင်ပို့ခွင့် ညွှန်ကြားချက် နွားမွေးမြူရေးလုပ်ငန်းရှင်များ ကန့်ကွက် (ရုပ်/သံ)

  • 6 years ago
ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၁၈

ပြည်ပကို ကျွဲ၊နွား တင်ပို့တဲ့ ကုမ္မဏီတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို ကုမ္မဏီတွေက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ခင်ဦးမြို့ရှိ သိန်းကမ္ဘာခန်းမမှာ ကျင်းပခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ပကို ကျွဲ၊နွား တင်ပို့မယ့်ကုမ္ပဏီတွေအနေနဲ့ ကျွဲ နွား ပွဲဈေးတွေကနေ အခွန်ဆောင်ထားတဲ့ ပြေစာနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးမှသာ ဝယ်ယူဖို့ ၊ ခရိုင်အတွင်းမှာ ဝယ်ယူသယ်ဆောင်မယ်ဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးထံ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ဖို့ စတဲ့ ညွှန်ကြားချက် ၂ချက်ကို ကန့်ကွက်ကြတာဖြစ်ပါတယ်။

ရိုက်ကူး - ဒီလှိုင်းဝင်း

Recommended