လိုအပ္ရင္ ေလာက္ကိုင္ပဲျဖစ္ျဖစ္ စာသြားသင္ေပးမယ္လို႕ ကမာရြတ္တီတီစီေက်ာင္းအုပ္ႀကီးဆိုေအာက္တိုဘာ - ၂၀ ၊၂၀၁၈လူမႈကြန္ရက္စာမ်က္နွာ ေဖ႕ဘြတ္ခ္ကေန မဟုတ္မမွန္ ေရးသားေန

  • 6 years ago
လိုအပ္ရင္ ေလာက္ကိုင္ပဲျဖစ္ျဖစ္ စာသြားသင္ေပးမယ္လို႕ ကမာရြတ္တီတီစီေက်ာင္းအုပ္ႀကီးဆို

ေအာက္တိုဘာ - ၂၀ ၊၂၀၁၈

လူမႈကြန္ရက္စာမ်က္နွာ ေဖ႕ဘြတ္ခ္ကေန မဟုတ္မမွန္ ေရးသားေနသူေတြေနဲ႕ အထင္အျမင္လြဲမွားေအာင္ လုပ္ေဆာင္ေနသူေတြကို တရားဥပေဒအရ အတိုင္း ေဆာင္ရြက္သြားမယ္လုိ႕ ကမာရြတ္တီတီစီေက်ာင္းအုပ္ ႀကီးေဒါက္တာမိုးသူက ေျပာလုိက္ပါတယ္။

ေဒါက္တာမိုးသူကို အထက (၇) မဂၤလာဒုံေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီး အျဖစ္ေျပာင္းေရႊ႕ လိုက္ေၾကာင္း အမိန္႔ေၾကာ္ျငာစာကို ေအာက္တိုဘာလ ၁၁ရက္မွာ အေျခခံပညာဦးစီးဌာနက ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေက်ာင္းေျပာင္းေရႊ႕ခံရတာနဲ႕ပတ္သက္ၿပီးအြန္လုိင္းမွာ မဟုတ္မမွန္ေဝဖန္ေရးသားေတြအေပၚ ေဒါက္တာမိုးသူက တရားဥပေဒအတိုင္းေဆာင္ရြက္မယ္လို႕ ေျပာခဲ့တာလည္းျဖစ္ပါတယ္။

ဒါအျပင္ ေက်ာင္းေျပာင္းေရႊ႕လိုက္တာနဲ႕ ပတ္သက္ၿပီး တရားမွ်တမႈမရွိတာေၾကာင့္ ျပန္လည္စိစစ္ေပးဖို႕ ႏိုင္ငံေတာ္ရဲ႕အတုိင္ပင္ခံပုဂၢိဳလ္၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕၊ ပညာေရး၀န္ၾကီးဌာနနဲ႕ သက္ဆိုင္ရာဦးစီးဌာနေတြဆီ အသနားခံစာေပးပို႕ထားတယ္လို႔ သိရပါတယ္။

သူ႕အေနနဲ႕ ေျပာင္းေရႊ႕ဖို႕အေၾကာင္းျပခ်က္ခိုင္လုံပါက ေလာက္ကိုင္ျဖစ္ျဖစ္ နယ္စပ္ျဖစ္ျဖစ္ သြားၿပီးစာသင္ေပးပါ့မယ္လို႕ ေျပာၾကားခဲ့ပါေသးတယ္။

ေဒါက္တာမိုးသူ ကို 7DAY TV က သြားေရာက္ေမးျမန္းထားတာေတြထဲက ေကာက္ႏုတ္ေဖာ္ျပလုိက္ပါတယ္။

ရုပ္သံသတင္းေထာက္ - လြင္သဲငယ္ဦး

(Unicode)

လိုအပ်ရင် ေလာက်ကိုင်ပဲဖြစ်ဖြစ် စာသွားသင်ပေးမယ်လို့ ကမာရွတ်တီတီစီကျောင်းအုပ်ကြီးဆို

အောက်တိုဘာ - ၂၀ ၊၂၀၁၈

လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်ခ်ကနေ မဟုတ်မမှန် ရေးသားနေသူတွေနေဲ့ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေသူတွေကို တရားဥပဒေအရ အတိုင်း ဆောင်ရွက်သွားမယ်လို့ ကမာရွတ်တီတီစီကျောင်းအုပ် ကြီးဒေါက်တာမိုးသူက ပြောလိုက်ပါတယ်။

ဒေါက်တာမိုးသူကို အထက (၇) မင်္ဂလာဒုံကျောင်းရဲ့ ကျောင်းအုပ်ကြီး အဖြစ်ပြောင်းရွှေ့ လိုက်ကြောင်း အမိန့်ကြော်ငြာစာကို အောက်တိုဘာလ ၁၁ရက်မှာ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ကျောင်းပြောင်းရွှေ့ခံရတာနဲ့ပတ်သက်ပြီးအွန်လိုင်းမှာ မဟုတ်မမှန်ဝေဖန်ရေးသားတွေအပေါ် ဒေါက်တာမိုးသူက တရားဥပဒေအတိုင်းဆောင်ရွက်မယ်လို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင် ကျောင်းပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိတာကြောင့် ပြန်လည်စိစစ်ပေးဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဦးစီးဌာနတွေဆီ အသနားခံစာပေးပို့ထားတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ ပြောင်းရွှေ့ဖို့အကြောင်းပြချက်ခိုင်လုံပါက လောက်ကိုင်ဖြစ်ဖြစ် နယ်စပ်ဖြစ်ဖြစ် သွားပြီးစာသင်ပေးပါ့မယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဒေါက်တာမိုးသူ ကို 7DAY TV က သွားရောက်မေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended