A Star is Born ရုပ်ရှင် အထူးပွဲကို တက်ရောက်ခဲ့ကြတဲ့ လေဒီဂါဂါနဲ့ ဘရက်ဒ်လေကူးပါးစက်တင်ဘာ - ၂၅ ၊၂၀၁၈လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ A Star is Born ရုပ်ရှင် အ

  • 6 years ago
A Star is Born ရုပ်ရှင် အထူးပွဲကို တက်ရောက်ခဲ့ကြတဲ့ လေဒီဂါဂါနဲ့ ဘရက်ဒ်လေကူးပါး

စက်တင်ဘာ - ၂၅ ၊၂၀၁၈

လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ A Star is Born ရုပ်ရှင် အထူးပွဲကို အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ လေဒီဂါဂါနဲ့ ဘရက်ဒ်လေ ကူးပါးတို့ တက်ရောက်ခဲ့ကြပါတယ်။

ဗင်းနစ်နဲ့ တိုရန်တို ရုပ်ရှင်ပွဲတော်တွေမှာ အကြိုပြသမှု ရလဒ်တွေအရ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့ ဇာတ်ကားကို စက်တင်ဘာ ၂၄ ရက်က အမေရိကန်မြေမှာ အထူးပွဲ စတင် ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Popအဆိုတော် ဂါဂါရဲ့ သရုပ်ဆောင်ဘဝ ပွဲဦးထွက် ဖြစ်သလို မင်းသား ကူးပါးရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ် တာဝန်ယူတဲ့ ရုပ်ရှင်အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

A Star is Bornဟာ ၁၉၃၇ က ရုံတင်ခဲ့တဲ့ ဇာတ်ကားဟောင်းကို ခေတ်နဲ့အညီ မွမ်းမံ ဆန်းသစ်ထားတာ ဖြစ်ပါတယ်။

ဂါဂါဟာ အထူးပွဲကို တလက်လက် တောက်ပနေတဲ့ ငွေရောင် ပွဲတက် ဝတ်စုံနဲ့ ရောက်ရှိလာပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

ကူးပါးက သူ့အနေနဲ့ ရုပ်ရှင် ဒါရိုက်တာအဖြစ် တာဝန်ယူဖို့ အတော်ကြီး ကြိုးစားပြီး ယုံကြည်မှု မွေးမြူခဲ့ရကြောင်း၊ ဒါပေမဲ့ ဂါဂါနဲ့ လက်တွဲညီညီ အလုပ်လုပ်ပြီး A Star is Bornကို အကောင်းဆုံး ဖန်တီးနိုင်ခဲ့ကြောင်း ပြောပါတယ်။

ရွက်ပုန်းသီး အဆိုတော်မလေး တစ်ဦးနဲ့ သူ့ကို ဖော်ထုတ် ပျိုးထောင်ပေးတဲ့ ဂီတပညာရှင် တစ်ဦးတို့ရဲ့ အချစ်ရေးကို ဖော်ကျူးထားတဲ့ ဇာတ်ကားသစ်ကို အောက်တိုဘာ ၅ ရက်ကစပြီး အမေရိကန်မှာ ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။

Recommended