
  • 6 years ago

သြဂုတ် ၆၊ ၂၀၁၈


ပြီးခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွေက အဲဒီနေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ ထုတ်ပြန်ချက်တွေရေးပြီး တောင်းဆိုမှုတွေရှိခဲ့ပေမယ့် အခုထိ အကောင်အထည်မပေါ်သေးတာ ဖြစ်ပါတယ်။



Unicode

သြဂုတ်လ ၈ ရက်ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားကြ

သြဂုတ် ၆၊ ၂၀၁၈

ရှစ်လေးလုံးအရေးတော်ပုံပေါ်ပေါက်ခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ပေဖို့ ရှစ်လေးလုံးကာလအတွင်းက ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူတွေက ဆန္ဒရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွေက အဲဒီနေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖု့ိ ထုတ်ပြန်ချက်တွေရေးပြီး တောင်းဆိုမှုတွေရှိခဲ့ပေမယ့် အခုထိ အကောင်အထည်မပေါ်သေးတာ ဖြစ်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြသလို၊ တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကိုလည်း လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားမှုတွေလည်း ရှိနေတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended