ကမ္ဘာ့သင်္ချာဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသားများကို ဂုဏ်ပြုပွဲ ပြုလုပ် (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၂၄ ၊ ၂၀၁၈2018 World Mathematic Invitational Final (သချ

  • 6 years ago
ကမ္ဘာ့သင်္ချာဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသားများကို ဂုဏ်ပြုပွဲ ပြုလုပ် (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၂၄ ၊ ၂၀၁၈

2018 World Mathematic Invitational Final (သင်္ချာဖိတ်ခေါ်ပြိုင်ပွဲ)ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇူလိုင်လ ၁၃ရက် နေ့က ကျင်းပရာ ၂၁နိုင်ငံမှ ကျောင်းသား ၁၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ ၂၄ဦး သွားရောက်ယှဉ်ပြိုင်ရာ ရွှေ ၂၊ ငွေ ၇၊ ကြေး ၈ နှင့် နှစ်သိမ့်ဆု ၆ ဆု ရရှိသည့် အပြင် အမှတ်အများဆုံး ကျောင်းသား ၅ ဦးကိုသာ ရွေးချယ်ပေးအပ်သည့် The Star of the World ဆုကို မော်လမြိုင်မှ ကျောင်းသား တဦးက ရရှိသွားခဲ့သည်။

ယင်းပြိုင်ပွဲတွင် မုံရွာမြို့မှ International Language & Business School (ILBSM )မှ ကျောင်းသား/သူ ၉ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ငွေ ၂၊ ကြေး ၃၊ နှစ်သိမ့် ၄ ရရှိခဲ့သည်။

ရိုက်ကူး- ဒီလှိုင်းဝင်း
တည်းဖြတ်- ဝေနှင်းထွဋ်