တရုတ်ရဲ့ရတနာသိုက် ( သို့မဟုတ် ) မဒေးကျွန်း (ရုပ်/သံ)ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ပေါ်တွင် တည်ရှိသော တရုတ်နိုင်ငံပိုင် သဘ

  • 6 years ago
တရုတ်ရဲ့ရတနာသိုက် ( သို့မဟုတ် ) မဒေးကျွန်း (ရုပ်/သံ)

ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ပေါ်တွင် တည်ရှိသော တရုတ်နိုင်ငံပိုင် သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်းသိုလှောင်ကန် စီမံကိန်း စက်ရုံကို ၂၀၀၉ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စီမံကိန်းစက်ရုံသို့ အရှေ့အလယ်ပိုင်းနှင့်အာဖရိက နိုင်ငံများမှ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော် တင်ဆောင်လာသော ဧရာမ တရုတ်ရေနံတင် သဘောင်္ကြီးများ ၂၀၁၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ ကတည်းက စတင် ဝင်ရောက်လာခဲ့ပြီး ယင်းနောက်ပိုင်းတွင် သင်္ဘောကြီးများ ဝင်ရောက်လာမှုမှာ ခပ်စိပ်စိပ် ဖြစ်လာသဖြင့် ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းမှာ ထိခိုက်ပြီး မြစ်ကြောင်း တစ်လျောက် ငါးဖမ်းလုပ်ကွက် နေရာများကိုလည်း ကန့်သတ်ခံလာရသည့်အတွက် ဝမ်းရေးပြဿနာ အခက်ကြုံ တွေ့နေရသည်။

ထို့ကြောင့် သက်ဆိုင်ရာအစိုးရနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ ဖြေရှင်းပေးရန် ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့က မဒေးကျွန်း ဒေသခံများ ရေကြောင်းချီ ဆန္ဒုပြ ပွဲ တစ်ခုကို ဖော်ထုတ်ခဲ့ သော်လည်း လက်ရှိအချိန်အထိ ဖြေရှင်း ပေးခြင်း မရှိသေးပေ ။

ရိုက်ကူး - မင်းအောင်ခိုင်

Recommended