
  • 6 years ago

ဇွန်-၁၇၊၂၀၁၈



(Unicode)

မော်လမြိုင်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေ

ဇွန်-၁၇၊၂၀၁၈

ဒီနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မော်လမြိုင်မြို့ ထဲမှာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားကြုံတွေ့နေရတယ်လို့ သတင်းရရှိပါတယ်။ရေကြီးမှုကြောင့် ရွှေပြည်အေား၊ လှိုင်၊ ကြက်တန်းမန္တလေး၊ တောင်ဝိုင်းနဲ့ သီရိမင်္ဂလာစတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေက အိမ်တွေ၊ ဆိုင်တွေနဲ့ ကားတွေပါ ရေမြုပ်နေတာလို့ သိရပါတယ် ။

မိုးကြီးပြီး မြစ်ရေတက်တဲ့အချိန်နဲ့ရော တောင်ကျရေကျတဲ့ အချိန်နဲ့ ပါတိုက်ဆိုင်ပြီး ရေကြီးနေတာ လို့ လည်း သိရပါတယ်။

Recommended