ဘားအံမှာ လူနှစ်ဦး ရေစီးနဲ့မျောပါသွား သြဂုတ်-၅ ၊၂၀၁၈ဘားအံမြို့မှာ ဒီကနေ့ မနက်ပိုင်းက လူနှစ်ဦး ရေစီးနဲ့အတူ မျောပါနစ်မြုပ်သွားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့

  • 6 years ago
ဘားအံမှာ လူနှစ်ဦး ရေစီးနဲ့မျောပါသွား

သြဂုတ်-၅ ၊၂၀၁၈

ဘားအံမြို့မှာ ဒီကနေ့ မနက်ပိုင်းက လူနှစ်ဦး ရေစီးနဲ့အတူ မျောပါနစ်မြုပ်သွားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ဒီကနေ့ ၁၁ နာရီခွဲအချိန်က ဘားအံမြို့ အမှတ် ၉ ရပ်ကွက် ၀ါဆိုဦးဘုန်းကြီးကျောင်းအနောက်ဘက် တူးမြောင်းထဲမှာ လူငါးဦးကွင်းထဲအဖြတ် နှစ်ဦး ကရေနစ်မျှောပါသွားခဲ့တာပါ။

ရေနစ်မြုပ်မျှောပါသွားတဲ့ လူနှစ်ဦးဟာ အသက် ၄၀ အရွယ် လူကြီးတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ ရေစီးသန်တဲ့နေရာဖြစ်ပြီး ရေနှစ်မျောပါသွားတဲ့ လူနှစ်ဦးကိုတော့ မီးသတ်တပ်ဖွဲ့အင်အား ၁၂ ဦး လှေနှစ်စီးနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ၀ိုင်းဝန်းကူညီရှာဖွေပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဘားအံမြို့နယ် ကျောက်ကလပ်ရွာနဲ့ ထန်းတပင်ရွာဘက်မှာ ရေလွတ်ရာကို လှေနဲ့ ရွှေ့ပြောင်းသွားလာစဉ် လှေတိမ်းမှောက်ပြီး ကလေးငယ်သုံးဦး အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ရတာပါ။

ဘားအံမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး မိုးဇလရဲ့ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေကတော့ စိုးရိမ်ရေအမှတ်ထက်မှာ တည်ရှိနေတုန်းပဲဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended