NLD ပြောရေးဆိုခွင့်ရှိသူများ ပြောင်းလဲသတ်မှတ်#MizzimaTVအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် လက်ရှိ မန္တလေးတိုင်းဝန်ကြီးချ

  • 6 years ago
NLD ပြောရေးဆိုခွင့်ရှိသူများ ပြောင်းလဲသတ်မှတ်

#MizzimaTV

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနက ဒေါက်တာမျိုးညွှန့်တို့နှစ်ဦးကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ ဒီကနေ့ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အခုလို ပြောင်းလဲသတ်မှတ်လိုက်တာပါ။ အရင်ကတော့ ဦးဥာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ကို ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် သတ်မှတ်ထားတာပါ။

ပါတီရဲ့ ပြန်ကြားရေးလုပ်ငန်းတွေ၊ သတင်းအချက်အလက်ဖြန့်ဝေတဲ့လုပ်ငန်းတွေကို ပိုပြီး စနစ်တကျလုပ်ဆောင်နိုင်အောင်ဆိုပြီး တရားဝင် ပြောရေးဆိုခွင့်ရှိသူနှစ်ဦးကို သတ်မှတ်လိုက်တာလို့ ဒေါက်တာမျိုးညွှန့်က သတင်းထောက်တွေကို ပြောပါတယ်။

(ရိုက်ကူး- အောင်မြတ်သူ/မဇ္ဈိမ)