Rangoon Tea House က ဦးထက်မြက်ဦးရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ

  • 7 years ago
တစ်နေ့နေ့မှာ ရန်ကုန်ပြန်လာမယ်ဆိုတဲ့ အိပ်မက်တွေနဲ့ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်က သူရန်ကုန်ကို ပြန်ရောက်တဲ့အချိန် အသက် ၂၄ နှစ်အရွယ်မှာ Rangoon Tea House ဆိုတဲ့ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာအစားအသောက်တွေကို အဓိကရောင်းတဲ့ စားသောက်ဆိုင်မှာ စားသုံးသူတွေဟာ နိုင်ငံခြားသားတွေအများဆုံးဖြစ်ခဲ့ပြီး အခုချိန်မှာ တော့ စားသုံးသူတဝက်လောက်က မြန်မာတွေ ဖြစ်လာပြီလို့ ဆိုပါတယ် ။
ဆိုင်ဖွင့်ချိန် ၃ နှစ်ကျော်အတွင်းမှာ ဆိုင်ခွဲ ၃ ဆိုင် ဖွင့်လှစ်နိုင်ခဲ့တဲ့ ဦးထက်မြက်ဦးက ဘယ်လိုအချိုးအကွေ့တွေကို ဖြတ်သန်းခဲ့သလဲဆိုတာကို ပြောပြပေးထားပါတယ်။

အောင်မြင်မှုပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။

7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Recommended