PEP က ဦးထွန်းထွန်းရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ
  • 7 years ago
တခါဖျော် နို့မှုန့်ထုတ်တွေကို ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ နေရာတစ်ခုအခိုင်အမာရယူနိုင်ခဲ့တဲ့ PEP နို့က လူတန်းစားအားလုံးအတွက် လက်လှမ်းမီတဲ့ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့တာပါ။

ဒီတပတ်ရဲ့ Turning Point မှာတော့ PEP နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နေတဲ့ Red Horse Dairy In dustries က ဦးထွန်းထွန်းရဲ့ ဘဝအချိုးအကွေ့တွေကို တင်ဆက်ပေးထားပါတယ်။

ငွေ ၂၀၀ နဲ့ အိမ်ကထွက်လာတဲ့ လူငယ်တစ်ယောက်က သူငယ်ချင်းဆီကနေ ပိုက်ဆံချေးပြီး အစားအသောက်လုပ်ငန်းတစ်ခုကို စတင်ခဲ့ရာကနေ ဒီနေ့ အခြေအနေ ရောက်တဲ့ အထိ သူဘယ်လို အချိုးအကွေ့တွေကို ဖြတ်သန်းခဲ့သလဲဆိုတာကို ဦးထွန်းထွန်းက ပြောပြပေးထားတာပါ ။

အောင်မြင်မှုပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။

7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
Recommended