ဒီချုပ် လူငယ်ညီလာခံကျင်းပနိုင်ဖို့ ကော်မရှင်တွေဖွဲ့တာ ငါးဆယ်ရာခိုင်နှုန်းပြီးပြီ

  • 7 years ago
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယအကြိမ်လူငယ်ညီလာခံ ကျင်းပဖို့အတွက် တိုင်း၊ခရိုင်၊မြို့နယ် ကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းမှုက ငါးဆယ် ရာခိုင်နှုန်းကျော်ပြီးစီးနေပြီလို့ သတင်းရရှိပါတယ်။ ကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းမှု ပြီးစီးမှသာ ညီလာခံ ကျင်းပလို့ရမှာဖြစ်တယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဌ ဦးမောင်မောင်ဦးကပြောပါတယ်။

ပါတီရဲ့လူငယ်အဖွဲ့ဝင်တွေ စုဆောင်းဖို့အတွက် ရပ်ကျေးအဆင့်ထိဆောင်ရွက်မှာဖြစ်ပြီး အသက်၁၆နှစ်ကနေ ၃၀အတွင်း လူငယ်တွေကို စုဆောင်းမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ တိုင်းလူငယ်ညီလာခံ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ကာ ခရိုင်၊မြို့နယ်တွေကိုလည်း ဆက်ပြီးဖွဲ့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးရန်အောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် လူငယ်ညီလာခံကို ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended