လှည်းတန်းဘူတာမှာ ရထားလမ်းပိတ်ဆို့တာ တစ်နာရီလောက်ကြာ

  • 7 years ago
လှည်းတန်းဘူတာမှာ မီးရထားတစ်စင်းစက်ခေါင်းချို့ယွင်းတာကြောင့် မြို့ပတ်ရထားလိုင်းပိတ်ဆို့မှု တစ်နာရီခန့် ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ ဧပြီ ၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားတွေ အဆင့်ဆင့် ရပ်ထားရလိုဖြစ်တာကြောင့် မြို့ပတ်စီးခရီးသည်တွေ အခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီနေရာဟာ မိန်းကလေးငယ်တစ်ဦး ရထားကြိတ်မိခဲ့တဲ့နေရာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းက အဲဒီ မိန်းကလေးငယ်အတွက် တစ်လပြည့် ဆွမ်းကျွေးလည်း ပြုလုပ်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - အောင်မျိုးထွန်း

Recommended