Skip to playerSkip to main contentSkip to footer
  • 10/6/2017
စာရေးဆရာ မင်းသိင်္ခရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မနုစာရီ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မှာပါ။ လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး မနုစာရီ အဖြစ် ရွှေသမီးက ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ မနုစာရီ နှင့်ပတ်သတ်ပြီး ပရိသတ် စိတ်ဝင်စားတဲ့ လရောင်လှုံတဲ့ ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ မနုစာရီ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် မောင်တော် အတိတျာ နဲ့ ဘဒ္ဒကလျာ ဇာတ်ရုပ်တွေ အတွက် သရုပ်ဆောင် သစ်နှစ်ဦးက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Category

🗞
News

Recommended