အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့ ပညာပေး လှုံ့ဆော်နေ

  • 7 years ago
ခုဆိုရင် ပြည်သူတွေ အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်ဖို့အတွက် အသိပညာပေးစည်းရုံးလှုံ့ဆော်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက မေလ(၁၂)ရက်နေ့က အလုံဈေးမှာ အမှိုက်နဲ့ပတ်သက်ပြီး ပညာပေးယာဉ်နဲ့ ပထမဆုံးအကြိမ် လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။
အမှိုက်တွေ စနစ်တကျစွန့်ပစ်ဖို့ ဈေးသွားဈေးလာ ပြည်သူတွေကို ပညာပေးဟောပြောမှုတွေ၊ လက်ကမ်းစာစောင်ကမ်းတာတွေကို လုပ်ဆောင်တဲ့အပြင် အမှိုက်နဲ့ပက်သတ်ပြီး သိမှတ်ဖွယ်ရာတွေလည်း ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းဖွင့်တဲ့အချိန်ရောက်ရင်လဲ ကျောင်းတွေမှာ အသိပညာပေးဟောပြောမှုတွေကို အပတ်စဉ်လုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး