ဘာသာပြန်စာပေ ပိုကျယ်ပြန့်လာစေဖို့ ဘာသာပြန်စာပေဖတ်ပွဲ ကျင်းပ

  • 7 years ago
ဘာသာပြန်စာပေတွေ ပိုကျယ်ပြန့်လာစေဖို့ရည်ရွယ်ပြီး ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲနဲ့ နွေရာ သီ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေတာပဲ ဖြစ်ပါတယ်။ ၄၆ လမ်းက ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းရုံးမှာ ဒီကနေ့ ဧပြီလ ၂၉ ရက်ကနေ မေလ ၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီ ဘာသာပြန်စာတမ်းဖတ်ပွဲမှာတော့ ဘာသာပြန်စာတမ်း ၁၅ စောင်ဖတ်ကြားပေးသွားမှာဖြစ်ပြီး၊ နွေရာသီစာအုပ်ဈေးရောင်းပွဲတော်မှာတော့ ဆိုင်ခန်း ၁၄၀ ကျော် ဖွင့်လှစ်ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်