ထိုင်းလယ်သမားတွေရဲ့ လယ်ထွန်စက်မောင်းပြိုင်ပွဲ ကျင်းပ

  • 7 years ago
ကောက်ရိတ်သိမ်း ရာသီအပြီးမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ လယ်ထွန်စက်မောင်း ပြိုင်ပွဲကို ထိုင်းနိုင်ငံက လယ်သမားတွေ ဆင်နွှဲခဲ့ကြပါတယ်။ နောက်နှစ် စိုက်ပျိုးရေးရာသီ မစတင်ခင်မှာ လယ်သမားတွေက ပြင်ဆင်မွမ်းမံ အားဖြည့်ထားတဲ့ လယ်ထွန်စက်တွေကို မောင်းနှင်ပြီး ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်က ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ လယ်ထွန်စက်မောင်း ပြိုင်ပွဲတွေ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ ဘက်စုံသုံး လယ်ထွန်စက်တွေကိုတော့ စိုက်ပျိုးရေး ကဏ္ဍအပြင် ဆန်စပါးနဲ့ ကောက်ပဲသီးနှံတွေ သယ်ယူပို့ဆောင်ရေး အတွက်လည်း အသုံးပြုလေ့ ရှိတယ်လို့ သိရပါတယ်။