၃ နှစ်နီးပါးပြင်ဆင်ခဲ့ရတဲ့ တေးသံရှင် မေရွက်ဝါရဲ့ တစ်ကိုယ်တော်ဖော်ျဖြေပွဲ ဒီနှစ်မကုန်ခင် ကျင်းပမည်

  • 7 years ago
အဆိုတော်မေရွက်ဝါရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို ဒီနှစ်ထဲမှာ အမျိုးသားဇာတ်ရုံမှာကျင်းပဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲလုပ်ဖို့ အချိန်ယူပြင်ဆင်ခဲ့တာသုံးနှစ်နီးပါးရှိပြီး ဒီနှစ်ထဲမှာတော့ အမျိုးသားဇာတ်ရုံပြင်ဆင်မှုတွေပြီးလို့ ဖွင့်ရင်
ပထမဆုံးဖျော်ဖြေပွဲကျင်းပနိုင်ဖို့ကြိုးစားနေပါတယ်လို့ အဆိုတော်မေရွက်ဝါကဆိုပါတ
ယ်။ သူမအနေနဲ့ဖျော်ဖြေပွဲမှာ တစ်ခေတ်တခါကအောင်မြင်ခဲ့တဲ့ မြန်မာသံစဉ်သီချင်းတွေနဲ့ စတူဒီယိုသီချင်းတွေကို နှစ်ပိုင်းခွဲပြီး သူမရဲ့သမီးဖြစ်သူ ဆန်းသစ်လနဲ့အတူဖျော်ဖြေတင်ဆက်သွားဖို့ စီစဉ်ထားတယ်လို့လဲ သိရပါတယ်။ သူမရဲ့ Live Show မှာ ဖျော်ဖြေဖို့အတွက် သီချင်းအပုဒ်ရေ(၈၀)ကျော်ရွေးချယ်ထားပြီးဖြစ်ပြီး နောက်ဆုံးဇကာတင်အနေနဲ့ ပြန်ရွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Recommended