7Day TV ရဲ့ည၇နာရီတိုက်ရိုက်သတင်းထုတ်လွှင့်မှု 7PM News

  • 7 years ago
(၁) လိုင်ဖောင်စခန်းဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွား
တပ်မတော်နဲ့ ကေအိုင်အေလက်နက်ကိုင်အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက စတင်ပြီး လိုင်ဖောင်စခန်းဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ လိုင်ဖောင်စခန်းအရှေ့ဘက် ၅ကီလိုမီတာအကွာက ဖောင်းဒေါ ဒေသမှာ တပ်မတော်ဘက်က တပ်မ၁၀၁လက်အောက်ခံစစ်ကြောင်းနဲ့ ကေအိုင်အေတပ်မဟာ၅တို့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ညနေ၃နာရီခန့်အထိပစ်ခတ်မူတွေရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်. ပာသည်။ ဒီဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး တပ်မတော်ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
(၂) တိုင်းအစိုးရက မ.ထ.သ ရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ယူ
မ.ထ.သရဲ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကဖွဲ့စည်းထားတဲ့အဖွဲ့က စစ်တမ်းကောက်နေပြီလို့ မ.ထ.သ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဌာနမှူးဦးမောင်မောင်လွင်ကပြောပါတယ်။
မ.ထ.သ အနေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတိုင်းအစိုးရကို တင်ပြပြီးဖြစ်တယ်လို့ ဦးမောင်မောင်လွင်ကအခုလိုပြောပါတယ်။
မ.ထ.သ ကပိုင်ဆိုင်တဲ့ မြေနေရာ၂၇ခုရှိပြီး ယာဉ်ရပ်နားဝင်းတွေနဲ့ အဆောက်အဦးတွေပါဝင်တယ်လို့သိရပါတယ်။
အဲဒီ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကစစ်တမ်းကောက်ပြီး ရင် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်မယ်လို့လည်း ဦးမောင်မောင်လွင်ကပြောပါတယ်။
ငွေစာရင်းကတော့ အားလုံးပေါင်းရင် သိန်းပေါင်းမနည်းဘူးလို့သာပြောကြားခဲ့ပြီး အတိအကျမသိရှိရပါဘူး။
လာမယ့်ဇန်နဝါရီ၁၅ရက်နေ့ညပိုင်းကစလို့ မ.ထ.သကိုအပြီးသတ်ဖျက်သိမ်းပြီး အများပိုင်းယာဉ်လိုင်းတွေနဲ့စတင်တော့မှာပါ။
(၃) မ.ထ.သ ကလည်း ယာဉ်လိုင်းတွေ ပြေးနိုင်ဖို့အတွက် အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်မယ်
အများပိုင်ယာဉ်လိုင်းမှာ ပါဝင်ပြေးဆွဲဖို့အတွက် မ.ထ.သလက်အောက်မှာရှိတဲ့ ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ရှယ်ယာနဲ့ မ.ထ.သက ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတည်ထောင်ပါဝင်ဖို့ အဆိုပြုထားပါတယ်။
အဲဒီ့ကုမ္ပဏီအနေနဲ့ အများပိုင်ယာဉ်လိုင်းပြေးဆွဲဖို့ လိုင်း၂၈လိုင်းကိုအဆိုပြုထားတယ်လို့သိရပါတယ်။
ဒီကနေ့ရန်ကုန်တိုင်းမထသရုံးချုပ်မှာ မ.ထ.သလက်အောက်က ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး ၂၈လိုင်းထဲက နှစ်သက်ရာလိုင်းမှာပါဝင်အဆိုပြုဖို့ မ.ထ.သက တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယာဉ်ပိုင်ရှင်တွေအနေနဲ့ မ.ထ.သက တည်ထောင်ထားတဲ့ကုမ္ပဏီမှာသာမက ကြိုက်နှစ်သက်ရာကုမ္ပဏီမှာ ဝင်ရောက်နိုင်ပြီး တစ်ဦးချင်းအနေနဲ့လည်းပြေးဆွဲချင်တဲ့ယာဉ်လိုင်းကိုအဆိုပြုနိုင်ပါတယ်။
ကုမ္ပဏီတွေ၊ယာဉ်ပိုင်ရှင်တွေက လတ်တလော မိမိတို့ဆွဲချင်တဲ့လိုင်းကို အဆိုပြုထားပေမယ့် အစိုးရကစီမံခန့်ခွဲပြီးဆောင်ရွက်မှာဖြစ်ပါတယ်။
ယာဉ်ပိုင်ရှင်အချို့ကတော့ အခုပြောင်းလဲမယ့်စနစ်ကိုသဘောကျပြီး ဝင်ငွေကို လက်ရှိမထသလက်အောက်မှာရှိနေတဲ့ ယာဉ်လိုင်းပိုင်ရှင်အများစုက မ.ထ.သကတည်ထောင်တဲ့ကုမ္ပဏီမှာ ပါဝင်ဖို့ဆန္ဒရှိနေကြတာပါ။
အစိုးရအဖွဲ့က ကုမ္ပဏီ ၈ခုကိုရွေးချယ်မှာဖြစ်ပြီး ကုမ္ပဏီတိုင်းမှာ အစုရှယ်ယာ၅၁ရာခိုင်နှုန်းပါဝင်မှာဖြစ်ပြီး မူဝါဒကိုလည်းအစိုးရကသာချမှတ်မှာဖြစ်ပါတယ်။
(၄) ၁၃ ဦးသေဆုံးပြီး ဒါဇင်ချီပြီးဒဏ်ရာရခဲ့တဲ့ ဘဂ္ဂဒက်မြို့က အသေခံကားဗုံးဖောက်ခွဲမှု
အစ္စလမ်မစ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ဘက်က ဟင်သီးဟင်းရွက်ဈေးတစ်ခုမှာ အသေခံ ကားဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ ပတ်ဝန်းကျင်ကို အများအပြားထိခိုက်စေခဲ့ပြီး ပေါက်ကွဲမှုနဲ့ပတ်သတ်လို့ စုံစမ်းမှုတွေကို ပြုလုပ်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆေးဝါးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဗုံးဖောက်ခွဲသူကတော့ ဈေးတစ်ခုလုံးကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာဖြစ်နိုင်တယ်လို့လဲ ရဲတပ်ဖွဲ့က သုံးသပ်ထားကြတာဖြစ်ပါတယ်။ အီရတ်နိုင်ငံတွေရဲ့ မြို့ကြီးတွေမှာ လက်ရှိအချိန်အထါ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး တစ်ပတ်အတွင်း ပေါက်ကွဲမှုတွေကြောင့် လူဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီးပြီလို့ သိရပါတယ်။

Recommended