ADB က မြန်မာအစိုးရကို ချေးငွေအသစ်ထပ်ပေးမည်

  • 7 years ago
အစိုးရသစ်သက်တမ်း ၅ နှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံအစိုးရကို ချေးငွေအသစ်ထပ်ပေးသွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်-ADBဥက္ကဌ မစ္စတာတကဲဟိကို နာကာအိုက ပြောသည်။ ၂၀၁၇ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ADB ၏ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေအနေနဖြင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၃၅၀ အထိ ချေးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားပြီး ယင်းချေးငွေများကို လမ်း၊စွမ်းအင်၊ ပညာရေး၊ အလုပ်အကိုင်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်းများ၊ HIV နှင့် ငှက်ဖျားစသည့်ရောဂါကုသရေးလုပ်ငန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။
ADB အနေနှင့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်သွယ်ခဲ့ပြီး ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရသို့ချေးငွေ အမေရိကန်ဒေါ်လာ ၈၉၂ သန်းချေးပေးထားကြောင်းသိရသည်။

Recommended