*666# ဖြင့် အူရီဒူးဆင်းကဒ် မှတ်ပုံတင်နိုင်မည်

  • 7 years ago
ဖုန်းဆိုင်သို့ သွားစရာမလိုဘဲ *666# ကို ဖုန်းခေါ်ဆိုရုံဖြင့် အူရီဒူးဆင်းကဒ်များကို မှတ်ပုံတင်နိုင်ကြောင်း အုရီးဒူးမြန်မာက ပြောသည်။ ယင်းအစီအစဉ်အတွက် မိမိဖုန်းဖြင့် လမ်းညွှန်ချက် ၆ ခု အတိုင်း မှတ်ပုံတင်ရမှာဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအတွက် အူရီဒူးက အပိုလက်ဆောင်များ ပေးမည်ဖြစ်ကြောင်း မီဒီယာများ အသိပေးခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အူရီဒူးမြန်မာ ရုံးချုပ်တည်ရှိရာ မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သည်။
ထို အူရီဒူးမြန်မာဆင်းကဒ်မှတ်ပုံတင်ခြင်းဆိုင်ရာ မီဒီယာအသိပေးခြင်းအခမ်းအနားတွင် အူရီဒူးအနေနှင့် သုံးစွဲသူများ၏ ကိုယ်ပိုင်အချက်အလက်များကို လုံခြုံမှုအပြည့်ဖြင့် ထိန်းသိမ်းထားမည်ဖြစ်ကြောင်းကိုပါ ပြောဆိုသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အူရီဒူးဆင်းကဒ်အသုံးပြုသူပေါင်း ၈.၂ သန်းကျော် ရှိပြီဟု သိရသည်။အစိုးရအနေနှင့် မိုဘိုင်းဆင်းကဒ်များကို ၂၀၁၇ ခုနှစ် မတ်လ အထိ နောက်ဆုံးထား မှတ်ပုံတင်ခြင်းများ ပြုလုပ်ရမည်ဟု အသိပေးထားပြီးဖြစ်သည်။

Recommended