ကာမလိမ်လည်မှုဖြင့် အမှုဖွင့်ခံရသော ဝေဠုကျော် ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရ

  • 5 years ago
ကာမလိမ်လည်မှုဖြင့် အမှုဖွင့်ခံရသော ဝေဠုကျော် ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရ
*********************
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသော သရုပ်ဆောင် ဝေဠုကျော်သည် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရရှိခဲ့သည်။

အလှမယ်သင်းသင်းက သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်မူဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဇန်နဝါရီလ ၈ရက်က တရားစွဲဆိုခဲ့တာဖြစ်ပြီး ဇန်န၀ါရီလ ၂၂ ရက်နေ့ရုံးချိန်းမှာတော့ ဝေဠုကျော်ဟာ အချုပ်လွတ်အာမခံ ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)