ယနေ့မှစ၍ နိုဝင်ဘာလ ၃ ရက်နေ့အထိ MTSH ရှယ်ယာအရောင်းအ၀ယ် ရပ်နားမည်

  • 7 years ago
မြန်မာသီလ၀ါအထူးစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်-MTSH အနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်း အ၀ယ်ပြုလုပ်ခြင်း၊ အရောင်းအ၀ယ်မဟုတ်တဲ့ လွှဲပြောင်းခြင်းများ ပြုလုပ်ခြင်းတွေကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ ခေတ္တရပ်နားထားမှာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။ အဲဒီလို ခဏရပ်နား ထားတာဟာ MTSH ကုမ္ပဏီင်္ လီမိတက်အနေနဲ့ မူလရှယ်ယာတစ်စုတစ်ဘိုးဖြစ်တဲ့ ကျပ်၁၀၀၀၀ ကို ဆယ်စုအဖြစ် ရှယ်ယာ တစ်စုကို ကျပ်တစ်ထောင် ထပ်မံခွဲဝေဖို့ စီစဉ်မှာ ဖြစ်တာကြောင့်လို့သိရပါတယ်။ ဒါကြောင့် MTSH အများပိုင်ကုမ္ပဏီင်္လီမိ တက်အနေနဲ့ ရှယ်ယာအရောင်းအ၀ယ် ပြန်လည်ပြုလုပ်မယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ရှယ်ယာတစ်စုတန်ဘိုးကို ကျပ် ၁၀၀၀ နဲ့ ပြန်သတ်မှတ်မှာဖြစ်ပြီးတော့ ကိန်းကဏန်းအသစ်၊ တန်ဘိုးအသစ်တွေနဲ့ စတင်မှာဖြစ်တယ်လို့ သိရပါ တယ် ခင်ဗျာ