၁၉ရာစု ဗစ်တိုးရီးယန်းစတိုင် ကမ်းနားလမ်းဟိုတယ် နိုဝင်ဘာ ၁၅ ရက်နေ့ ပြန်ဖွင့်မည်

  • 7 years ago
ပြန်လည်ပြုပြင်နေဆဲကာလအတွင်း ၆ လကြာ ပိတ်ထားတဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းက The Strand ကမ်းနားလမ်း ဟိုတယ်ကို အခု နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ကမ်းနားလမ်း ဟိုတယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၅ နှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ဟိုတယ်တွေထဲက တစ်ခုအပါ အ၀င်ဖြစ်ပါတယ်။ ဆိုတော့ ပြင်ဆင်ပြီး အသစ်ပြန်လည် ဖွင့်လှစ်မယ့် ကမ်းနားလမ်းဟိုတယ်က ဧည့်သည်တွေ ကို ဆွဲဆောင် နိုင်မလားဆိုတာကိုတော့ ကိုအောင်သူရက ဟိုတယ်ရဲ့ ဒုတိယဥက္ကဌဖြစ်သူ အိုလီးဗီးယား ထရန်ကွန်းကို မေးမြန်းတင်ဆက် ထားပါတယ်။