ရုရှားသံအမတ်က ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပေါ်ထွက်လာလျှင် စာချုပ်များ ချုပ်ဆိုသွားမည်ဟုပြော

  • 7 years ago
********************
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အတည်ပြုထွက်ပေါ်လာလျှင် ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ချုပ်ဆိုသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကိုလိုင်းလစ်တိုပါဒေါဗ့် က ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) တွင် ပြောသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန် ရုရှားနိုင်ငံအနေဖြင့် အဆင်အသင့်ရှိနေပြီဖြစ်ပြီး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောခဲ့သည်။

Recommended