ရုပ်ရှင်ရုံတွေပြန်ရဖို့ မြန်မာနိုင်ငံရုပ်ရှင်လောကသားတွေက အစိုးရကို တောင်းဆိုထား

  • 7 years ago
ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံရဲ့ တစ်ခြားမြို့ကြီးတွေမှာ အားလပ်ရက်နဲ့ အပန်းဖြေအချိန်တွေမှာဆိုရင် မိသားစုနဲ့ ပြည်သူတွေကြည့်ရှုနိုင်ဖို့ ရုပ်ရှင်ရုံဆိုတာက လက်ဆယ်ချောင်းတောင်မပြည့်ပါဘူး၊ ဒီလိုရုပ်ရှင်ရုံတွေနည်းပါးနေတာကြောင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကျဆင်းနေရတယ်လို့ ရုပ်ရှင်လောကသားအများစုက ယုံကြည်နေကြပါတယ်၊ အခု တော့ အနုပညာရှင်တွေနဲ့ ရုပ်ရှင်အသိုင်းအ၀ိုင်းက တော်လှန်ရေးကောင်စီအစိုးရခေတ်ကတည်းက ပြည်သူပိုင်သိမ်းယူ ထားတဲ့ ရုပ်ရှင်ရုံအချို့ကို ပြန်ပေးဖို့တောင်းဆိုထားပါတယ်၊ သတင်းအပြည့်အစုံကို မရှုမ၀အောင်က ပြောပြပေးမှာဖြစ်ပါ တယ်။

Recommended