How to make Carrot Cupcake? (Ep -15 )

  • 3 years ago
Hi everyone, welcome back to my kitchen jungle. Let’s make a moist, fluffy, and soft carrot cupcake. This recipe is very simple to make and you don’t need any special equipment. You only need a hand mixer to make it. If you love to add cinnamon and nutmeg powder, you can add 8g of cinnamon powder and 1g of nutmeg powder. I didn’t add cinnamon and nutmeg powder because Myanmar (Burmese) people don’t like to add in the cake.

မဂ်လာပါရှင့် ဆုမြတ်ရဲ့Kitchen Jungleလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ မုန်လာအနံ့၊ အရသာအိအိမွှေးမွှေးလေးပါတဲ့ မုန်လာဥကိတ်လေးလုပ်စားရအောင်နော်။ ဒီကိိိတ်လေးက လုပ်ရတာလဲ လွယ်သလို၊ ကိတ်သားပျက်မှာလည်း သိပ်စိတ်မပူရပါဘူး။ Cupcakeမလုပ်ချင်ဘူး ကိတ်သားကြီးကြီးလုပ်ချင်လဲ ဒီအတိုင်းလေးကို ကိတ်ခွက်ထဲမှာထည့်ပြီးဖုတ်လိုက်ရုံပဲလေ။ လိုအပ်တဲ့ပစ္စည်းတွေကလည်း အရမ်းမများဘူးနော်။ မွှေစက်သေးသေးလေးရှိရုံနဲ့တင် အလုပ်ဖြစ်တာဆိုတော့ လိုက်လုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။ ပုံမှန်မုန်လာဥကိတ်လုပ်ရင်တော့ သစ်ကြံပိုးခေါက်မှုန့်တို့၊ ဇာတိဗ္ပိုလ်သီးအမှုန့်တို့ ထည့်ပြီးဖုတ်ကြပါတယ်။ ဒါပေမယ့် မြန်မာအကြိုက်ကြတော့ ဒီအမှုန့်တွေထည့်တာမကြိုက်တာတွေ့တော့ မထည့်ပဲလုပ်ပြထားပါတယ်နော်။ အသီးခြောက်ယိုတို့၊ သစ်ကြားသီးအစေ့တို့က ကိုယ်ကြိုက်သလိုထည့်လို့ရပါတယ်။ နောက်ဆုံးမုန့်သားကို cupcakeခွက်လေးတွေထဲ ထည့်ပြီးမှ အပေါ်ကတင်လို့ရသလို၊ တခါတည်းရောနယ်ပြီးထည့်လဲ ရပါတယ်ရှင့်……

ကဲ.လုပ်စားကြည့်ရအောင်......

If you have tried this recipe, please take a picture and comment. Thank you for the likes & subscribe.

Please also follow my other social media platform:
https://www.facebook.com/kitchenjungl​...
https://www.instagram.com/mykitchenju​
https://hsumyatoo.blogspot.com/