၂၀ရာစု လောက်ကစပြီး အသုံးပြုလာကြတဲ့ social media ဟာ ၁၉၉၀ နောက်ပိုင်းမှာတော့ ပိုပြီးတော့ တွင်ကျယ်လာပါတယ်။ ၂၀၀၅ ခုနှစ်မှာတောအရွယ်ရောက်ပြီးသူ ၅ရာခိုင်နှုန်းသာ social media သုံးခဲ့ကြပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၇၉ ရာခိုင်နှုန်းက social media ကိုသုံးကြပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ဝေးကွာတဲ့အချိန်မှာ နီးနီးကပ်ကပ်ရှိတဲ့အတိုင်း တစ်နေရာထဲမှာ ကိုယ့်အတွေးအမြင် ဝေမျှနိုင်၊ ကိုယ်ချစ်သူခင်သူ တွေနဲ့ ဘယ်လောက်ဝေးဝေး တွေ့နိုင်မြင်နိုင်တာကတော့ Social media ရဲ့ အံ့မခမ်းနိုင်တဲ့ အားသာချက်တွေပါပဲ။