Skip to playerSkip to main contentSkip to footer
  • 1/15/2020
လူသားတို့၏ ဇီဝစည်းဝါးကိုက်ညီစွာလှုပ်ရှားခံစားမှုများကို အလင်းက ပမာဏများများ ထိန်းချုပ်ထားသည်။ အသစ်ဖွံ့ဖြိုးလာသော အလင်းစနစ်များကို ကျွန်ုပ်တို့ ဇီဝစည်းချက်များ အပေါ်လွှမ်းမိုးနိုင်ရန် ပြုလုပ်ထားပါသည်။ နေ့အချိန်အတောအတွင်း ပြောင်းလဲသွားသော အလင်းရောင်ကို ပြန်လည်တီထွင်ထားသော ဒိုင်နမိုက် အလင်းစနစ်ကို ပင်စင်စားအိမ်များ၊ ရုံးများ၊ နှင့် လူစီးလေယာဥ်များတွင် ယခုအသုံးပြုနေကြပြီဖြစ်သည်။ထိုစနစ်များသည် စာသင်ခန်းများတွင် ကျောင်းသားများကို ပိုမို ထိရောက်စွာ သင်ယူနိုင်ခြင်း၊ ရုံးအလုပ်သမားများအတွက် အာရုံစိုက်မှု တိုးတက်စေခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် ဖန်တီးပေးခြင်း၊ နှင့် ခရီးသွားများအတွက် လေယာဥ်စီးရာ၌ညောင်းညာခြင်းတို့ကို သက်သာစေခြင်း တို့ကို ကူညီပေးသည်။ သုတေသီများသည် အလင်းရောင်ဖျော့ ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်းဖြင့် အိပ်စက်ခြင်း ကစဥ့်ကလျားဖြစ်ခြင်းကို ခံစားနေရသူတို့အတွက် ကူညီနိုင်မည်ဖြစ်သည်။ LEDs သို့မဟုတ် အလင်းထုတ်လွတ်သည့် ဒိုင်အုတ်များကို အလင်းပေးစနစ်တွင် တွင်ကျယ်စွာ ယခု အသုံးပြုလာကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သေးငယ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ခြင်း နှင့် မယုံနိုင်လောက်အောင် စွမ်းအင်အကျိုးရှိခြင်းတို့ဖြစ်သည်။

Category

📚
Learning

Recommended