အာရှလမ်းယာဉ်တိုက်မှု သေဆုံးသူ ၁၈ဦးအထိရှိနေ

  • 4 years ago
အာရှလမ်းယာဉ်တိုက်မှု သေဆုံးသူ ၁၈ဦးအထိရှိနေ
******************
အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ရာသေဆုံးသူ ခရီးသည်၁၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ ပရိုဘောက်နဲ့ မုန်လုံခရီးသည်တင်ကားတို့ တိုက်မိတာပါ။ ပရိုဘောက်က အရင်ကျသွားတာ။ ပြီးတော့ ခရီးသည်ယာဉ်ပါ ချောက်ထဲကို ထပ်ပြုတ်ကျသွားတယ်။ ခရီးသည်တင်ကားကတော့ ဘယ်ကားမှန်း ခုထိ အတည်ပြုလို့ မရသေးဘူး။ အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်။ သေဆုံးသူကတော့ ၁၈ဦးလောက်အထိ ရှိနေပြီ။ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်” ဟု ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး ကပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/65172

Recommended