Skip to playerSkip to main contentSkip to footer
  • 1/3/2020
လေထီးများသည် လေကြောင်းဆိုင်ရာ လုံခြုံစိတ်ချမှူတွင် အရေးပါသော အခန်းတွင် ပါဝင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်သည်။ ၎င်းတို့ရှိ နည်းပညာများ ပို၍ပို၍ ခေတ်မီဆန်းသစ်လာသည်။ အရပ်ဘက် နှင့် စစ်ဘက်ဆိုင်ရာ သုတေသီများသည် ဖြစ်နိုင်ချေများထက် သာလွန်ပြီးလုပ်ဆောင်နိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိသည်။ ဥပမာ - လက်ရှိတွင် လေယာဉ်အသေးအတွက် အထူးပြုလုပ်ထားသော လေထီးများရှိလာပြီး၊ တန်ချိန်များစွာလေးသော ဝန်ထုပ်များ သယ်ယူပို့ဆောင်ရေးအတွက် အဝေးထိန်းကိရိယာများဖြင့် ထိန်းချုပ်နိုင်သော စနစ်များရှိသည့် လေထီးစနစ်များလည်း ရှိလာသည်။ လေးထောင့်ပုံစံ အသစ် (သို့) အလိုအလျောက် လေဖြည့်သွင်းနိုင်သည့် လေထီးကဲ့သို့ ကိရိယာတစ်မျိုး (parafoil)၊ လေထီးများနှင့် အတောင်ပံ ဝတ်စုံဟု လူသိများသည့် ကိရိယာ များ၏ တိုးတက်လာမှူသည် စစ်ဘက်နှင့် အပန်းဖြေမှူ ကဏ္ဍ နှစ်ရပ်လုံးတွင် ပြုပြင်ပြောင်းလဲမှူ ဖြစ်ပေါ်စေခဲ့သည်။

https://memr.moe.edu.mm/en/video/in-free-fall-improving-parachutes/

Category

📚
Learning

Recommended