မိဘများ အဆင်ပြေစေရန် အခြေခံပညာစာမေးပွဲများ နောက်ဆုတ်ကျင်းပ

  • 4 years ago
မိဘများ အဆင်ပြေစေရန် အခြေခံပညာစာမေးပွဲများ နောက်ဆုတ်ကျင်းပ
***************************

မိဘများ အဆင်ပြေစေရေးအတွက် အခြေခံပညာ စာမေးပွဲများကို နောက်ဆုတ် ကျင်းပရခြင်း ဖြစ်သည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်သည့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်ကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်း ပြော အပြီး မီဒီယာများနှင့်တွေဆုံစဉ် ယခုလို ပြောခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ
(zawgyi)
မိဘမ်ား အဆင္ေျပေစရန္ အေျခခံပညာစာေမးပြဲမ်ား ေနာက္ဆုတ္က်င္းပ
***************************

မိဘမ်ား အဆင္ေျပေစေရးအတြက္ အေျခခံပညာ စာေမးပြဲမ်ားကို ေနာက္ဆုတ္ က်င္းပရျခင္း ျဖစ္သည္ဟု ပညာေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိန္းႀကီးက ေျပာသည္။

၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီ ၂ ရက္က ေနျပည္ေတာ္နယ္ေျမ ပ်ဥ္းမနားၿမိဳ႕နယ္ အမွတ္ ၂ အေျခခံပညာ အထက္တန္းေက်ာင္းမွာ ျပဳလုပ္သည့္ ၂၀၁၉-၂၀၂၀ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ တြဲဖက္ႀကီးၾကပ္ေရးမႉးမ်ား၊ လက္ေထာက္ ႀကီးၾကပ္ေရးမႉးမ်ားႏွင့္ စာေျဖသူမ်ား လိုက္နာရန္ စည္ကမ္းခ်က္မ်ားဆိုင္ရာ ေဆြးေႏြးပြဲမွာ မိန႔္ခြန္း ေျပာ အၿပီး မီဒီယာမ်ားႏွင့္ေတြဆုံစဥ္ ယခုလို ေျပာခဲ့ျခင္း ျဖစ္သည္။

႐ိုက္ကူး/တည္းျဖတ္ - ေအာင္ျမတ္သူ

Recommended