Skip to playerSkip to main contentSkip to footer
  • 12/31/2019
အာတိတ်ဒေသတွင် ရေခဲများ အရည်ပျော်လျက်ရှိသည်။ ယခုအခြေအနေသည် ကမ္ဘာ့ရာသီဥတုအတွက် စိုးရိမ်ရသော လက္ခဏာဖြစ်သော်လည်း နိုင်ငံတကာ သင်္ဘောလုပ်ငန်းအတွက် အခွင့်အလမ်း အသစ်များ ဖြစ်ပေါ်စေသည်။ အရှေ့မြောက်လမ်းကြောင်းနှင့် ဘယ်ရင်း ရေလက်ကြား (Behring Strait) တို့အား အကျိုးရှိစွာ အသုံးချနိုင်ခြင်းဖြင့် ဥရောပနှင့် အာရှအကြားရှိ သင်္ဘောခရီးလမ်းကို ၄၀% အထိ လျော့နည်းသွားစေသည်။ ထို့အပြင် ယခင်က ရေခဲလွှာများအောက်ရှိ ကြီးမားသော ရေနံနှင့် သဘာ၀ ဓာတ်ငွေ့သိုက်များကိုလည်း တူးဖော်နိုင်ခွင့် ရှိလာခဲ့သည်။ ရေယာဉ်ပုံစံအသစ်ဖြစ်သည့် နှစ်မျိုးသုံး သင်္ဘောများ၏ အကူအညီဖြင့် သင်္ဘောများသည် အာတိတ်သမုဒ္ဒရာအား ရေခဲခွဲသင်္ဘော၏ အစောင့်အကြပ် မလိုအပ်တော့ဘဲ သွားလာနိုင်တော့မည်ဖြစ်သည်။ ဖင်လန် အင်ဂျင်နီယာများ ပုံစံထုတ်လုပ်သော အဆိုပါ ထူးခြားသည့် သင်္ဘောအသစ်များအား ဤသို့ တည်ဆောက်မှုမျိုးကို အထူးပြုသည့် တောင်ကိုရီးယားနိုင်ငံ ဂျော့ဂျီ (Geoje) ကျွန်းရှိ ခေတ်မှီ နောက်ဆုံးပေါ် ဆမ်ဆောင်း (Samsung) သင်္ဘောကျင်းတွင် တည်ဆောက်လျက်ရှိသည်။

https://memr.moe.edu.mm/en/video/unstoppable-ploughing-through-the-pack-ice/

Category

📚
Learning

Recommended