လူအများ စိတ်ဝင်စားနေတဲ့ အော်ဂဲနစ်စျေး

  • 4 years ago
လူအများ စိတ်ဝင်စားနေတဲ့ အော်ဂဲနစ်စျေး

**********************
ရန်ကုန်မြို့တွင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်တင်သွင်းလာသည့် စားသောက်ကုန်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေး စားသောက်ဆိုင်များမှ အစားအစာများ၊ ဓာတုဗေဒဆေးဝါး အသုံးပြုကာ ပိုမိုကြီးထွားလှပအောင် ပြုလုပ်ထားသည့် အသီးအနှံ ရောင်းချမှုများလာတာကြောင့် လတ်ဆတ်၍ ဓာတုဗေဒဆေးဝါးကင်းစင်သည့် အစားအစာ ရရှိနိုင်ခြင်းမှာ ရန်ကုန်မြို့နေပြည်သူများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

ထိုစိန်ခေါ်မှုများကြောင့် သန့်ရှင်းလတ်ဆတ်သည့် စားသောက်ကုန်များကို အိမ်ရှင်မများက ရွေးချယ်ဝယ်ယူနေရသလို တာရှည်ခံဆေး၊ ဓာတုဗေဒဆေးဝါး အသုံးမပြုဘဲ တပိုင်တနိုင် စိုက်ပျိုးမွေးမြူ ရောင်းချရသော အော်ဂဲနစ်စျေးများသည် ပြည်သူတွေအကြားတွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
ရိုက်ကူး/တည်းဖြတ် - ဆုမြတ်မေဇော်

Recommended